ကျွန်ုပ်တို့အကြောင်း (About Us)

၂၀၂၁ ခုနှစ်မှစ၍ သင်ယုံကြည်စိတ်ချရသော mmbsim.com
Myanmar Beauty Sim Store သည် ၂၀၂၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ Customer များအတွက် တန်ဖိုးထားရသော ဖုန်းနံပါတ်အလှများကို မှန်ကန်မြန်ဆန်စွာဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။
ဖုန်းနံပါတ်အလှ (VIP Numbers) များ ဝယ်ယူရာတွင် Customer များကို အိမ်ရောက်ငွေချေပို့ဆောင်ပေးခြင်း၊ COD ဝန်ဆောင်မှုမရသော အချို့မြို့များကိုသာ ငွေကြိုလွှဲခိုင်းရခြင်းများ ရှိသည့်အတွက် “ယုံကြည်မှု “ သည် အရေးကြီးဆုံးဖြစ်ကြောင်း ကျွန်ုပ်တို့ ကောင်းစွာ နားလည်ပါသည်။ ထို့ကြောင့် ပြီးခဲ့သော (၅) နှစ်တာ ကာလတစ်လျှောက်လုံး Customer များ၏ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ဘဲ၊ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့်သာ ခိုင်မာစွာ ရပ်တည်လာခဲ့ခြင်း ဖြစ်ပါသည်။
 
ဘာကြောင့် Myanmar Beauty Sim Store ကို ရွေးချယ်သင့်သလဲ?
(၅) နှစ်တာ အတွေ့အကြုံနှင့် ယုံကြည်မှု – ၂၀၂၁ ခုနှစ်မှ စတင်ကာ Customer ထောင်ပေါင်းများစွာကို အောင်မြင်စွာ ဝန်ဆောင်မှုပေးနိုင်ခဲ့ခြင်း။
၁၀၀% လုံခြုံစိတ်ချရမှု – ငွေပေးချေမှုမှစ၍ ဆင်းကတ်လက်ဝယ်ရရှိသည်အထိ စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်ခြင်း။
ရှားပါးပြီး လှပသော နံပါတ်များ – မိမိလုပ်ငန်းနှင့် ကိုက်ညီမည့် မင်္ဂလာနံပါတ်များ၊ မှတ်မိလွယ်သော VIP နံပါတ်များကို တစ်နေရာတည်းတွင် စုံလင်စွာ ရွေးချယ်နိုင်ခြင်း။
အမည်ပေါက် ပြောင်းလဲပေးခြင်း – ဝယ်ယူပြီးသော ဆင်းကတ်များကို Customer ၏ အမည်ပေါက် (Registration) ဖြစ်စေရန် တာဝန်ယူ ဆောင်ရွက်ပေးခြင်း။
ယခုအချိန်အထိ ကျွန်ုပ်တို့ကို ယုံကြည်စွာ အားပေးခဲ့ကြသော Customer အဟောင်းများရော၊ အသစ်များကိုပါ အထူးပင် ကျေးဇူးတင်ရှိပါသည်။ သင့်လုပ်ငန်းနှင့် လူမှုဘဝအတွက် အကောင်းဆုံးနှင့် အလိုက်ဖက်ဆုံးသော ဖုန်းနံပါတ်အလှများကို ရှာဖွေပေးရန် Myanmar Beauty Sim Store မှ အမြဲတမ်း အသင့်ရှိနေပါသည်။
Shopping Cart
Scroll to Top